International News

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် အလုပ်ရှင်များ၏ လုပ်ဆောင်မှုများအား ဟောင်ကောင်မှ အလုပ်သမားများထက် စင်ကာပူအလုပ်သမားများ၏ စိတ်ကျေနပ်မှုများ လျော့နည်းနေခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့သူဦးရေ ကွာခြားမှုသိပ်မရှိသည့် ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံတို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကာကွယ်နိုင်ရန် အလုပ်ရှင် များမှ မျက်နှာဖုံး/ နှာခေါင်းစည်း (Mask)၊ လက်သန့်စင်ဆေးရည် (Sanitizer) များကို အလုပ်သမားများအား ပံ့ပိုးပေးလျှက်ရှိကြောင်း၊ သို့သော် အဆိုပါပံ့ပိုးမှုများ မှာ အလုပ်သမားများအားလုံး စိတ်ကျေနပ်မှုရှိစေရန် လုံလောက်မှုမရှိကြောင်း၊ အဆိုပါအချက်များအပေါ် လေ့လာဆန်းစစ်မှု ပြုလုပ်ရာတွင် ဟောင်ကောင်ဒေသ၌ အလုပ်သမား ၆၁ ရာခိုင်နှုန်းမှာ ကောင်းမွန်စွာ ပံ့ပိုးမှုများ ရရှိပြီး စင်ကာပူနိုင်ငံ၌ (၅) ရာခိုင်နှုန်းသာရှိကြောင်း၊ ဟောင်ကောင်ဒေသ၌ အလုပ်သမားများ အတွက် သင့်တင့်လျောက်ပတ်သည့် အလုပ်ချိန်များ သတ်မှတ်ပေးခြင်းနှင့် နေအိမ်များမှ အလုပ်လုပ်စေခြင်းတို့ကို ဆောင်ရွက်ထားရှိကြောင်း၊ သို့သော် စင်ကာပူနိုင်ငံ၌ Sanitizer များ ပံ့ပိုးပေးခြင်း၊ ကျန်းမာရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်သက်၍ လမ်းညွှန်ချက်များ ကြေညာပေးခြင်း၊ အလုပ်ပတ်ဝန်းကျင်တွင် မကြာခဏ သန့်ရှင်းရေးလုပ်ပေးခြင်းတို့ရှိကြောင်း၊ ဟောင်ကောင်ဒေသမှ လူဦးရေ ၆၀ ရာခိုင်နှုန်းနီးပါးနှင့် စင်ကာပူနိုင်ငံမှ လေးပုံတစ်ပုံခန့်သာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကြောင့် စီးပွားရေးအပေါ် ဆိုးကျိုးသက်ရောက်နိုင်သည်ဟု ယူဆထားကြောင်း၊ ဟောင်ကောင်အစိုးရမှ အစိုးရဝန်ထမ်းများအား ဖေဖေါ်ဝါရီလတစ်လလုံး နေအိမ်များမှ အလုပ်လုပ်စေခြင်း၊ ကျောင်းများအား ၂၀-၄-၂၀၂၀ ရက်နေ့အထိ ပိတ်ထားခြင်းတို့ ဆောင်ရွက်ကြောင်း၊ စင်ကာပူနိုင်ငံ၌ ကျောင်းများတွင် လူစုလူဝေး များဖြင့် အခမ်းအနားများ ကျင်းပပြုလုပ်ခွင့်မပြုခြင်းနှင့် ပုဂ္ဂလိကကုမ္ပဏီ အများစုမှာလည်း ဝန်ထမ်းများအား နေအိမ်များ မှ အလုပ်လုပ်ရန် စီမံထားကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုသည်  ၂၀၂၀ ပြည့်နှစ်၊ မေလကုန် တွင် ပြီးဆုံးသွားနိုင်သည်ဟု ဟောင်ကောင်ဒေသရှိ လူဦးရေတစ်ဝက်ခန့်မှ ခန့်မှန်းထားကြောင်း နှင့် စင်ကာပူနိုင်ငံမှလည်း အလားတူ ခန့်မှန်းထားကြောင်း ၅-၃-၂၀၂၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ “ Hong Kong workers far less satisfied with employers’ support measures during coronavirus crisis than their Singapore peers, survey finds”  ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြ ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News